Warehouse Process Mapping

ကျွန်တော်ကို ခပ်ငယ်ငယ်ကခေါင်းစားစေတာ တစ်ခုရှိခဲ့ဘူးတယ်။ Task လုပ်ဆောင်ရန်တာဝန် , Activities လှုပ်ရှားလုပ်ကိုင်ဆောင်ရတဲ့အရာများ , Processes လုပ်ငန်းစဉ်ဆိုတဲ့ စကားလုံးတွေကို မြန်မာလို အဓိပ္ပာယ်တွေသိနေပေမယ့် တစ်ခုနှင့်တစ်ခု ဘယ်လိုစပ်ဆပ်နေတယ်၊ ပြောရရင် မျက်စိထဲကွက်ကွက်ကွင်းကွင်း မမြင်ဘူးပေါ့ဗျာ။ Warehouse Management စာအုပ်ထဲမှာတော့ process mapping အကြောင်းရေးထားဖူးပေမယ့် ပြန်နွှေးပေးပါရစေ။ Task ဆိုတာက action လုပ်ကိုင်ဆောင်ရွက်ရမည့်အရာဖြစ်ပြီး ဒီ (၃)ခုထဲမှာ အငယ်ဆုံး၊အစဦးဆုံး ဆောင်ရွက်ရသည့်အရာလို. ပြောလို.ရပါတယ်။ Task တွေစုပေါင်းပြီး activity ဖြစ်လာတယ်။ Activities တွေ စုပေါင်းပြီးတော့ process တွေဖြစ်လာပါတယ်။ ကျွန်တော်တို. Warehouse အနေနှင့် ကြည့်မယ်ဆိုရင် ကုန်ကားတစ်စီး warehouse ရောက်လာတယ်ဆိုပါစို.။ ပစ္စည်းလက်ခံခြင်း receiving process ကို လုပ်‌ဆောင်ရတော့မှာ ဖြစ်ပါတယ်။ Receiving process မှာ အရေးပါတဲ့ ဆောင်ရွက်မှုတွေအဖြစ် activities တွေဖော်ပြရရင် Accepting the goods physically and unloading them ( ကုန်ချခြင်းနှင့် လက်ခံခြင်း)က activity တစ်ခုပေါ့ ။ ထို activity ထဲမှာမှ ကားရောက်လာတဲ့အခါ ကားက ကုန်ကားဖြစ်တဲ့ဆိုရင် unload ပစ္စည်းချမယ်၊ ကွန်တိန်နာနှင့်လာတာဆို unstuffing ပစ္စည်းအထုတ် ပြုလုပ်ကြမယ်။ ပြီးရင် ယာယီပစ္စည်းထားပြီး packing list စသည်တို.နှင့် တိုက်ဆိုင်စစ်ဆေးရန် staging area မှာ ပစ္စည်းချပါမယ်။ ပစ္စည်းလက်ခံ ချထားပြီးရင် နောက် activity တစ်ခုက verifying the identity , quantity and condition of the goods ပစ္စည်းအမျိုးအစား၊ အရေအတွက်နှင့် အခြေအနေကို စစ်ဆေးသက်သေပြုခြင်းဖြစ်ပါတယ်။ ထို activity တစ်ခုဆီတိုင်းမှာလည်း task/action တစ်ခုပြီးတစ်ခု လုပ်ဆောင်သွားရတဲ့ process လေးတွေရှိသလို ထို activity အားလုံးပါဝင်တာက receiving process ဖြစ်ပါတယ်။ Warehouse Management စာအုပ်မှာ Process Mapping / Process Flowchart ဆိုပြီး လုပ်ဆောင်ရမည့်အဆင့်ဆင့်ကို မြင်သာထင်သာရှိအောင် မြန်မာအခေါ်ဆို "လုပ်ငန်းစဉ်အဆင်ဆင့်ပြကားချပ်"အကြောင်း ရှင်းပြခဲ့ဖူးပါတယ်။Process map ဘယ်လိုဆွဲရတယ်ဆိုတာ ပြန်လည်မပြောပြတော့ပေမယ့် ဘာကြောင့်လိုအပ်တယ်ဆိုတာ ‌ပြောပြပါအုံးမယ်။ ကျွန်တော်တို. Warehouse မှာ ဝန်ထမ်းတွေကို ပစ္စည်းတွေလက်ခံလိုက်၊ သိမ်းလိုက်ကြလို. ခိုင်းလိုက်ရင် သူတို.ရဲ.အတွေ.အကြုံပေါ်မူတည်ပြီး သူတို.တစ်ဦးခြင်းစီကတမျိုးစီ မတူညီပဲ လုပ်ဆောင်ကြတာတွေ.ရပါလိမ့်မယ်။ ကိုယ်ကတိတိကျကျ ဘယ်လိုလက်ခံမယ်၊သိမ်းမယ်စတဲ့ လမ်းညွှန်မှုတွေပေးလိုက်တော့လည်ဘယ်လိုလက်ခံမယ်၊သိမ်းမယ်စတဲ့ လမ်းညွှန်မှုတွေပေးလိုက်တော့လည်း အလုပ်ကတော့ပြီးသွားမယ် သို.ပေမယ့် မတူညီတဲ့ အမြန်နှုန်းတွေနှင့် consistency ဆိုတဲ့ တသတ်မတ်တည်းဖြစ်မှုတွေ မရနိုင်ဖြစ်တတ်ပါတယ်။ဝန်ထမ်းတွေကို defined သတ်မှတ်ထားတဲ့ action , activities တွေကို train ပေးလိုက်ရင် တသမတ်တည်းဖြစ်တဲ့ရလဒ်ကို ရရှိမှာဖြစ်ပါတယ်။ ဝန်ထမ်းတွေ အပြောင်းအလဲ ဘယ်လောက်ရှိရှိ proccess တွေအတိုင်း ဆောင်ရွက်နိုင်ရင် consistent performance တမတ်တည်းဖြစ်တဲ့ ဆောင်ရွက်နိုင်မှုကိုရမှာဖြစ်တာမို. Process mapping က လိုအပ်ပါတယ်။ခုလို process တွေအတိုင်း ဆောင်ရွက်တာကို process driven operation လို.ခေါ်ပါတယ်။ Warehouse Management System (WMS) အသုံးပြုတဲ့ လုပ်ငန်းတွေမှာတော့ WMS က ခုလို process တွေကို အခြေခံရေးထားတာဖြစ်လို. ကိုယ်ကိုယ်တိုင်လည်း flowchart တွေ ရေးမနေရပေမဲ့ ကျွန်တော်တို. နိုင်ငံမှာ လုပ်ငန်းသေးတွေများတော့ ကိုယ်ကိုယ်တိုင် ရေးရတာတွေရှိမှာပါ။ ပထမဆုံးအနေဖြင့် ကျွန်တော်တို. နေရာအခင်းအကျင်း layout ကို သေချာစီစဉ်ထားနိုင်ရပါမယ်။ Satging area , storage area စသည်ဖြင့် မသတ်မှတ်နိုင်ရင် process design လုပ်ရတာ အဓိပ္ပာယ်မရှိဖြစ်တတ်ပါတယ်။ Warehouse ရဲ. Organisation structure လည်းသေချာရှိမှ ဝန်ထမ်းတွေရဲ. တာဝန်ယူရတဲ့ အပိုင်း responsibilities က ရှင်းရှင်းလင်းလင်းရှိမှာ ဖြစ်ပါတယ်။ Warehouse ကြီးတွေမှာတော့ floor operation (Operation team) တစ်ခု supervisor / assisatnt manager ရဲ.အောက်မှာ order fulfillment အတွက် ပစ္စည်းလက်ခံတဲ့ အဖွဲ. Receiving team , ပစ္စည်းတွေထားသိုတဲ့အဖွဲ. Putaway team , ပစ္စည်းတွေ ထုတ်ပေးတဲ့အဖွဲ. Releasing team တို.နှင့် ပစ္စည်းတွေ စာရင်းသွင်း ထိန်းသိမ်းတဲ့အဖွဲ.ဖြစ်တဲ့ inventory control team စသည်ဖြင့် ရှိတတ်ကြတယ်။ Client တွေ deal လုပ်ဖို. Order တွေ လက်ခံဖို.က order processing team ရှိပါတယ်။ 3PL warehouse ဖြစ်တဲ့အတွက် ကိုယ်ဝန်ဆောင်မှု service ပေးတာတွေကိုလည်း ထည့်သွင်းစဉ်းစားရပါမယ်။ Steps in process writing ( Process mapping ရေးရာမှာ ပြုလုပ်ရမည့်အဆင့်များ) Step 1 : Warehouse activity တွေ ဆောင်ရွက်ရာတွင် ပါဝင်မည့် အဖွဲ.တွေကို ဖော်ထုတ်ပါ။ Step 2 :ထိုအဖွဲ.တစ်ခုခြင်းစီရဲ. လက်ရှိလုပ်ကိုင်နေရတဲ့ လုပ်ငန်းစဉ်တွေကို ဖော်ထုတ်ပါ။ Step 3: တစ်ဖွဲ.နှင့်တစ်ဖွဲ.အကြား လက်တွဲလုပ်ကိုင်ဆောင်ရွက်ရတာတွေ၊ တာဝန်ယူဆောင်ရွက်ရတာတွေကို သတ်မှတ်ပါ။ Step 4 : အကြမ်းပုံစံထွက်လာပြီဆိုရင် အလုပ်ဆောင်ရွက်ရတာတွေ ထပ်နေတာ ဖယ်ထုတ်နိုင်မလား ကြည့်ပါ။ လုပ်ငန်းစဉ်တွေက အကြိုးအကြောင်း ဆီလျော်ရဲ.လားစစ်ပါ။ အဖွဲ.တစ်ဖွဲ.နှင့်တစ်ဖွဲ.အကြား ဆက်သွယ်ဆောင်ရွက်ရခြင်းတွေကို ပိုမိုတိုးတက်အောင် ဆောင်ရွက်နိုင်မလားကြည့်ပါ။ Line of responsibilities တာဝန်ယူရတဲ့ အပိုင်းတွေကို ရှင်းရှင်းလင်းလင်း သတ်မှတ်ထားသလား ပြန်ကြည့်ရပါမယ်။ တွဲပေးထားတဲ့ ပုံလေးတွေကြည့်ပြီး လေ့လာကြည့်ကြပါဦးစို.နော်။ တင်ပြဖို.လိုအပ်ခဲ့တာရှိရင် ကျွန်တော်ရဲ.ချို.ယွင်းချက်သာဖြစ်ပြီး အချိန်ပေးပြီး ဖတ်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။ Thank You for your valuable time. Zarni ( Synergy )

Comments